Monday, April 17, 2017

နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကျင်းပ

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်းတွင် နှစ်သစ်ကူးမဟာသင်္ကြန်အတက်နေ့ပွဲတော်ကို ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမရှိ ဗဟိုရေကစားမဏ္ဍပ်၌ ၂၀၁၇ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ (၁၃၇၉ ခုနှစ်၊ တန်ခူးလဆုတ် ၅ရက်) နံနက် (၀၈၃၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ၀င်းမြင့်စိုးနှင့်ဇနီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့်ဇနီး၊ ဌာနခွဲမှူးများ၊ သန္ဓေတပ်ဖွဲ့ဝင်မိသားစုနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် သင်္ကြန်အတက်နေ့ အခမ်းအနားသို့ရောက်ရှိလာသော ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ၀င်းမြင့်စိုးနှင့်ဇနီးအား ဒုတိယကျောင်းအုပ်ကြီးနှင့်ဇနီး၊ ဌာနခွဲမှူးများ၊ သန္ဓေတပ်ဖွဲ့ဝင်မိသားစုများ၊ သင်တန်းသား/သင်တန်းသူများမှ သင်္ကြန်ရေအား သပြေခက်ဖြင့် ပက်ဖြန်းကာ ကြိုဆိုခဲ့ကြပြီး သင်တန်းသား/သင်တန်းသူ များမှ သင်္ကြန်သီချင်းများသီဆို၍ ကပြဖျော်ဖြေခဲ့ကြပါသည်။ ထို့နောက် ကျောင်းအုပ်ကြီးမှ သင်တန်းသား/သင်တန်းသူ များအား တပ်ခွဲတစ်ခွဲလျင် ၁၀၀၀၀၀ိ/- စီဖြင့် တပ်ခွဲ (၃)ခွဲအတွက် ၃၀၀၀၀၀ိ/-၊ တီးဝိုင်းအဖွဲ့အား ဆုငွေ ၅၀၀၀၀ိ/- ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ၀၉၀၀ အချိန်တွင် မြနန္ဒာသင်္ကြန်တေးသီချင်းအား စုပေါင်းသီဆို၍ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၏ မြန်မာ့နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အား အောင်မြင်စွာပိတ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။













No comments:

Post a Comment