မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း အုပ်ချုပ်ရေးရုံးဧည့်ခံမဆောင်တွင် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်)နေ့ နံနက် ၀၆၀၀ အချိန် သီရိမင်္ဂလာပေပင်ကျောင်းမှ သံဃာတော် (၅) ပါး၊ ဇီးပင်ကြီးရွာ၊ ပညာဇောတာရုံကျောင်းမှ သံဃာတော် (၅) ပါးတို့အား ပဲထမင်းဖြင့် အာရုံဆွမ်းဆက်ကပ်လှူဒါန်းပြီး ပညာဇောတာရုံကျောင်း ဆရာတော်ထံမှ (၅) ပါးသီလခံယူ၍တရားတော်များ နာကြားခဲ့ပြီး န၀ကမ္မအလှူတော်ငွေ (၁၆၀၀၀၀ိ/-) ကျပ်အား ရေစက်သွန်းချ လှူဒါန်းခဲ့ပါသည်။
အဆိုပါ ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ၀င်းမြင့်စိုးနှင့်ဇနီး၊ ဒုတိယကျောင်းအုပ်ကြီး ဒုတိယရဲမှူးကြီး တင့်ဆွေနှင့်ဇနီးမိသားစု၊ နည်းပြမှူးချုပ်နှင့်ဇနီး၊ ဌာနခွဲမှူးများနှင့် သန္ဓေနည်းပြ အရာရှိ/ဇနီးများ ကျောင်းသားရေးရာနှင့် အဆောင်မှူးများ စုစုပေါင်းအင်အား (၁၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး (၀၇၃၀) အချိန် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
 
No comments:
Post a Comment