မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ စစ်ရေးကွင်း၌ ၂၀၁၇ ခုနှစ် ဧပြီလ (၁၇) ရက်၊ ၁၃၇၉ ခုနှစ် တန်ခူးလပြည့်ကျော် (၆) ရက်၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ညနေ ၁၆၀၀ အချိန်တွင် ဇီးပင်ကြီးရွာ ပညာဇောတာရုံကျောင်းရှိ သံဃာတော် (၅) ပါးမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခဲ့ရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ၀င်းမြင့်စိုးနှင့်ဇနီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့်ဇနီး၊ နည်းပြမှူးချုပ်နှင့်ဇနီး၊ သန္ဓေတပ်ဖွဲ့ဝင်များနှင့်ဇနီးများ၊ သင်တန်းသား/သင်တန်းသူများ စုပေါင်း၍ ပရိတ်တရားတော်များ နာယူပြီး၊ သံဃာတော်များအား အချိုရည်ဆက်ကပ်ကာ န၀ကမ္မအလှူငွေ ၅၀၀၀၀ိ/- လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment