မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း တပ်တွင်းစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏  တပ်ဖွဲ့အတွင်း လစဉ်ဆွေးနွေးပွဲနှင့် ဆန္ဒဖေါ်ထုတ်ပွဲ (၅/၂၀၁၇) အခမ်းအနာကို (၅-၅-၂၀၁၇) ရက်နေ့ (၁၄၃၀) မှ (၁၅၃၀)အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ၀င်းမြင့်စိုးမှ ဦးဆောင်ပြုလုပ်ခဲ့ပြီး သန္ဓေအရာရှိ (၁၁၄)ဦး၊ အခြားအဆင့်၊ စာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း (၁၃၉)ဦး စုစုပေါင်း (၂၅၃)ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ၀င်းမြင့်စိုးက အဖွင့်အမှာစကားပြောကြားပြီးနောက် ဒုရဲမှူး မင်းလွင်ထွန်းက (၃၀-၃-၂၀၁၇) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် ကြည်လွင်မြင့် (မုဒြာ) ရေးသားသော “သိကြားမကယ်နိုင်သော နှလုံးရောဂါ” ခေါင်းစဉ်အား ဆွေးနွေး ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ကျောင်းအုပ်ကြီးမှ မှာကြားရာတွင် ပြောင်းလဲနေသည့်ခေတ်ကာလနှင့်အညီ တစ်ဦးတစ်ယောက်ချင်း ပြောင်းလဲလိုစိတ်ရှိရန်လိုကြောင်း တပ်ဖွဲ့ဝင်များ မိသားစုများသည် လူမှုရေးဖေါက်ပြန်မှုမရှိရန်၊ စည်းကမ်းတကျ နေထိုင်ကြရန်လိုကြောင်း၊ တပ်ဖွဲ့ဝင်နှင့် မိသားစုများ ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီးဦးထုတ်အား ဆောင်းရန် လိုကြောင်း၊ မိမိနေအိမ်လိုင်းခန်းနှင့် ပတ်ဝန်းကျင်တွင် သီးပင်စားပင်များစိုက်ပျိုးပြီး သန့်ရှင်းရေးဆောင်ရွက်ရန် လိုကြောင်း မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး ဆန္ဒဖေါ်ထုတ်ပွဲအခမ်းအနားအား ကျင်းပခဲ့ရာ သန္ဓေအရာရှိနှင့် အခြားအဆင့်တပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ပေးရန်မရှိကြောင်း တင်ပြသည့်အတွက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
 
No comments:
Post a Comment