Friday, May 5, 2017

မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့အတွင်း လစဉ်ဆွေးနွေးပွဲနှင့် ဆန္ဒဖေါ်ထုတ်ပွဲ (၅/၂၀၁၇) ကျင်းပ

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့အတွင်းဆွေးနွေးပွဲနှင့် ဆန္ဒဖေါ်ထုတ်ပွဲ(၅/၂၀၁၇) အခမ်းအနားကို (၅-၅-၂၀၁၇) ရက်နေ့ (၁၅၃၀)အချိန်မှ ((၁၆၃၀) အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်စောယုနွယ်မှ ဦးဆောင်ပြုလုပ်ခဲ့ပြီး သန္ဓေမိသားစုဝင် (၁၁၁)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌကျောင်းအုပ်ကြီး၏ဇနီး ဒေါ်စောယုနွယ်က အဖွင့်အမှာစကားပြောကြားပြီးနောက် ဒုရဲမှူးမင်းလွင်ထွန်း၏ဇနီး ဒေါ်လဲ့လဲ့ဝင်းက ဆောင်းပါးရှင် ကြည်လွင်မြင့် (မုဒြာ) မျက်နှာအလှပျက်သည့် ပါးရွှဲ့ရောဂါ ခေါင်းစဉ်အား ဖတ်ကြားဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး ဆန္ဒဖေါ်ထုတ်ပွဲအခမ်းအနားကျင်းပခဲ့ရာ မိသားစုဝင်များမှ ဆောင်ရွက်ပေးရန် မရှိကြောင်း တင်ပြလာသည့်အတွက် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။




No comments:

Post a Comment