မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ပုညကာရမဟာဝီရစေတီတော်တွင် ၁၀-၅-၂၀၁၇ ရက်နေ့ ကဆုန်လပြည့်နေ့ (၁၇၀၀) အချိန် ကဆုန်ညောင်ရေလောင်းပွဲတော်အခမ်းအနားအားကျင်းပရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ၀င်းမြင့်စိုးနှင့်ဇနီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ဇနီး၊ နည်းပြမှူးချုပ်နှင့်ဇနီး၊ ဌာနခွဲမှူးများ၊ နည်းပြ အရာရှိများ၊ သန္ဓေတပ်ဖွဲ့ဝင်မိသားစုများ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၁၇၅)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆို၍ (၂၄)ပစ္စည်းပဌာန်းရွတ်ဖတ်ကာ စေတီတော်အား လကျာင်္ရစ် (၃)ပတ် လှည့်လည်ပူဇော်ခြင်း၊ ကျောင်းအုပ်ကြီးနှင့်ဇနီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့်ဇနီး၊ နည်းပြမှူးချုပ်နှင့်ဇနီးတို့မှ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း၊ သန္ဓေတပ်ဖွဲ့ဝင်မိသားစုများမှ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း၊ သင်တန်းသား/သင်တန်းသူများမှ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်းတို့ ဖြင့် ကုသိုလ်ကောင်းမှုပြုကြကြောင်းနှင့် (၁၈၀၀) အချိန် အခမ်းအနားပြီးဆုံးကြောင်း သတင်းရရှိပါသည်။
 
No comments:
Post a Comment