Monday, May 22, 2017

ဒုရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၉၁/၂၀၁၇) ရဲကျော်သူတပ်ခွဲ သင်တန်းဖွင့်ပွဲကျင်းပ

ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမတွင် (၂၂-၅-၂၀၁၇) ရက်နေ့ (၀၇၃၀) အချိန်မှ (၀၉၃၀) အချိန်ထိ မီးသတ်တပ်ဖွဲ့မှ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၁/၂၀၁၇) ရဲကျော်သူတပ်ခွဲ သင်တန်းဖွင့်ပွဲ အခမ်းအနားအား ပထမပိုင်းနှင့် ဒုတိယပိုင်း အပိုင်း (၂) ပိုင်းခွဲ၍ကျင်းပပြုလုပ်ခဲ့ရာ ပထမပိုင်းတွင် ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ၀င်းမြင့်စိုးမှ သင်တန်းဖွင့်မိန့်ခွန်းပြောကြားပြီး သင်တန်းအားဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်ပြီး သင်တန်းဖွင့်ပွဲ ဒုတိယပိုင်းအား ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယကျောင်းအုပ်ကြီး ယာယီရဲမှူးကြီး တင့်ဆွေက သင်တန်းသား/သင်တန်းသူများအား ရဲအရာရှိလေ့ကျင့်ရေးကျောင်းလက်စွဲပါ စည်းကမ်းချက်များ၊ ကျောင်းဝင်ညွန်ကြားလွှာပါ စည်းကမ်းပိုင်းဆိုင်ရာများနှင့် ဆုရွေးချယ်ရေးဆိုင်ရာမူဝါဒများကို ပြောကြားရှင်းလင်းပေးခဲ့ပြီး ရဲအရာရှိလေ့ကျင့်ရေးကျောင်းရှိ ဌာနခွဲမှူးများ၊ သင်တန်းမှူးများ၊ နည်းပြများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဒုတိယကျောင်းအုပ်ကြီး၊ ဌာနခွဲမှူးများ၊ နည်းပြအရာရှိများ၊ ဗဟိုမီးသတ်သင်တန်းကျောင်း (ဇီးပင်ကြီး)မှ ဒုတိယကျောင်းအုပ်ကြီး ညွန်ကြားရေးမှူး ဦးဇော်လင်းထွန်း၊ လေ့ကျင့်ရေးဌာနမှူး ဒုညွန်ကြားရေးမှူး ဦးစိုးဝင်း၊ နည်းပြအရာရှိများ၊ မီးသတ်တပ်ဖွဲ့မှ တပ်တွင်းဘွဲ့ရ ဒုရဲအုပ်လောင်း သင်တန်းသား (၂၀၇) ဦး၊ သင်တန်းသူ (၅၃) ဦး၊ စုစုပေါင်း (၂၆၀) ဦး တက်ရောက်ခဲ့ပါသည်။






No comments:

Post a Comment