မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျေင်း တပ်တွင်းစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့တွင်း လစဉ်ဆွေးနွေးပွဲနှင့် ဆန္ဒဖေါ်ထုတ်ပွဲ (၆/၂၀၁၇) အခမ်းအနားနှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ၂-၆-၂၀၁၇ (၁၄၀၀) မှ (၁၅၃၀) အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ၀င်းမြင့်စိုးက အဖွင့်အမှာ စကားပြောကြားပြီးနောက်  ကြံ့ခိုင်ရေးဌာနခွဲမှ ဒုရဲမှူး သန်းထွန်းအောင်မှ ၉-၃-၂၀၁၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ တို့ဆေးမိသွားတဲ့ သစ်သီးနှင့် အစာအိမ်ကိုခြယ်တဲ့ဆေး (၁) ခေါင်းစဉ်အား ဆွေးနွေးခဲ့ပါသည်။
အခမ်အနားသို့ သန္ဓေအရာရှိ (၁၁) ဦး၊ အခြားအဆင့် (၁၀၀) ဦး၊ ကျန်းမာရေးနှင့် စာရေးဝန်ထမ်း/မိသားစု (၁၁၀) ဦး စုစုပေါင်း (၃၁၁) ဦး တက်ရောက်ခဲ့ပါသည်။
ဆက်လက်ပြီး ကျောင်းအုပ်ကြီးမှ တပ်ဖွဲ့ဝင်အချင်းချင်း စည်းလုံးညီညွတ်မှုရှိပြီး၊ အချင်းချင်းကူညီရိုင်းပင်း၍ တပ်ဖွဲ့ စည်းကမ်းနှင့်နေထိုင်ကြရန်၊ တပ်ဖွဲ့ဝင်နှင့်ဇနီးတို့သည် မိမိတို့၏ သားသမီးများအား ပညာတတ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်၊ ကျောင်းဆင်းပွဲနီးကပ်နေပြီဖြစ်၍ မိမိနေအိမ်လိုင်းခန်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ကြရန်၊ တပ်ဖွဲ့ဝင်ဇနီးတို့သည် ဆံပင်အရောင်ဆိုးခြင်းနှင့် သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ ရှောင်ကြဉ်ရန် ဆွေးနွေးမှာကြားခဲ့ပါသည်။
၎င်းနောက် ကျောင်းအုပ်ကြီး၏ ဇနီး ဒေါ်စောယုနွယ်မှ အထက်တန်းကျောင်းသား/သူ (၃၀) ဦးအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးခြင်း၊ နည်းပြမှူးချုပ်၏ဇနီး ဒေါ်တင်တင်ဆန်းမှ အလက်တန်းကျောင်းသား/သူ (၆၅)ဦး အတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးခြင်း၊ ဌာနမှူး (စာပေ)၏ဇနီးမှ မူလတန်းကျောင်းသား/သူ (၆၇) ဦးအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးခငြ်းတို့ ဆောင်ရွက်ခဲ့ပါသည်။
 
No comments:
Post a Comment