မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိလေ့ကျင့်ရေးကျောင်း မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့အတွင်း ဆွေးနွေးပွဲနှင့် ဆန္ဒဖေါ်ထုတ်ပွဲ (၆/၂၀၁၇) အခမ်းအနားကို (၂-၆-၂၀၁၇) ရက်နေ့ (၁၅၃၀) အချိန်မှ (၁၆၃၀) အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ ဒေါ်စောယုနွယ်က ဦးဆောင်ပြုလုပ်ခဲ့ပြီး သန္ဓေမိသားစုဝင် (၁၁၀) ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ကျောင်းအုပ်ကြီး၏ဇနီး ဒေါ်စောယုနွယ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဒုရဲမှူး သန်းထွန်းအောင်၏ဇနီး ဒေါ်လွင်လွင်အောင်မှ ၂၉-၁၂-၂၀၁၄ ရက်နေ့ထုတ် ကြေးမှုံသတင်းစာတွင် ပါဝင်သော ပူဒီနာ(ပူစီနံ)ရွက်နှင့် ကျန်းမာရေး ခေါင်းစဉ်အား ဖတ်ကြားဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဆန္ဒဖေါ်ထုတ်ပွဲအခမ်းအနားကျင်းပခဲ့ရာ မိသားစုဝင်များမှ ဆောင်ရွက်ပေးရန် မရှိကြောင်း တင်ပြလာသည့် အတွက် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment