Saturday, June 10, 2017

ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၀/၂၀၁၇) ရဲသီဟတပ်ခွဲ၏ ကတိသစ္စာခံယူခြင်းနှင့် အရာရှိလောင်းအသိအမှတ်ပြုခြင်း အခမ်းအနားကျင်းပ

ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ကွင်း (၁) တွင် ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၀/၂၀၁၇) ရဲသီဟတပ်ခွဲ၏ ကတိသစ္စာခံယူခြင်းနှင့် အရာရှိလောင်းအသိအမှတ်ပြုအဆောင်အယောင်အပ်နှင်းပွဲ အခမ်းအနားအား (၁၀-၆-၂၀၁၇) ရက်နေ့ (၀၈၀၀) အချိန်မှ (၀၈၄၅) အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ၀င်းမြင့်စိုးမှ ဒုရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၉၀/၂၀၁၇) ရဲသီဟ တပ်ခွဲအား စစ်ဆေးခြင်း၊ သင်တန်းသားများမှ နိုင်ငံတော်အလံကို ထိကိုင်၍ ကတိသစ္စာခံယူခြင်း၊ ဒုတိယရဲအုပ်လောင်း သင်တန်းသား/သင်တန်းသူ (၃၀၀) ဦးတို့မှ အချင်းချင်းအပြန်အလှန် အရာရှိလောင်းအသိအမှတ်ပြု အဆင့်တံဆိပ် တပ်ဆင်ပေးခြင်းတို့ ပြုလုပ်ပေးခဲ့ကြပြီးနောက် ကျောင်းအုပ်ကြီးက မိန့်ခွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၀/၂၀၁၇) ရဲသီဟတပ်ခွဲမှ သင်တန်းသား/သင်တန်းသူများမှ ကျောင်းအုပ်ကြီးအား စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုပြီး စစ်ရေးပြကွင်းမှ ပြန်လည်ထွက်ခွါသွားကြပါသည်။
အခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ စာပေ/လေ့ကျင့် ဌာနမှူးများ၊ ဌာနခွဲမှူးများ၊ သန္ဓေနည်းပြအရာရှိများ၊ ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၀/၂၀၁၇) ရဲသီဟတပ်ခွဲမှ သင်တန်းသား/ သင်တန်းသူ (၃၀၀) ဦး၊ ၄င်းတို့၏ မိဘဆွေမျိုးများ အပါအ၀င် စုစုပေါင်း (၃၄၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။




No comments:

Post a Comment