(၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၁၆-၉-၂၀၁၇) ရက်နေ့ (၀၇၀၀)အချိန်မှ (၀၉၀၀) အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက်၊ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်နှင့် ဌာနမှူး/ဌာနခွဲမှူးများဦးစီး၍ သန္ဓေတပ်ဖွဲ့ဝင် (အရာရှိ/အခြားအဆင့်)၊ စာရေးဝန်ထမ်း စုစုပေါင်း အင်အား (၂၀၈)ဦးတို့သည် ဇီးပင်ကြီးကျေးရွာ ကုတင်(၅၀)ဆံ့ ဆေးရုံတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ပါသည်။
စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြသော တပ်ဖွဲ့ဝင်များနှင့် ၀န်ထမ်းများအား ကျောင်းအုပ်ကြီးမှ ကောက်ညှင်းပေါင်း၊ အကြော်တို့ဖြင့်လည်းကောင်း၊ ဇီးပင်ကြီးကုတင်(၅၀)ဆံ့ဆေးရုံတာဝန်ခံ ဆရာဝန် ဒေါက်တာ အေးအေးနွယ်နှင့် အဖွဲ့မှ အအေးနှင့် ပေါင်မုန့်တို့ဖြင့်လည်းကောင်း ကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါသည်။
 
No comments:
Post a Comment