Friday, September 8, 2017

ဒုရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၉၁/၂၀၁၇) ရဲကျော်သူ သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲကျင်းပ


မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဒုတိယရဲအုပ်လောင်းသင်တန်း၊ အမှတ်စဉ်(၉၁/၂၀၁၇) ရဲကျော်သူတပ်ခွဲ သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ နံနက်(၀၈၀၀)အချိန်မှ (၀၉၀၀)အချိန်ထိ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရှိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌ ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ခေတ္တကျောင်းအုပ်ကြီး ရဲမှူးကြီး ကျော်ထွန်းက အကောင်းဆုံးကျောင်းသားဆု ထူးချွှန်ဆုရရှိသူ ကသ-၁၄၅၊ ဒုရဲအုပ်လောင်း ဝေလင်းထွန်း နှင့် ဥပဒေထူးချွှန်ဆုရရှီသူ ကသ-၁၅၉၊ ဒုရဲအုပ်လောင်း သူရနိုင်တို့ကို ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများကိုယ်စား ကသ-၁၈၃၊ ဒုရဲအုပ်လောင်း အောင်ဖြိုးသက်အား ပေးအပ်ခဲ့၍ ခေတ္တကျောင်းအုပ်ကြီး ရဲမှူးကြီး ကျော်ထွန်းမှ သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့သည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ နည်းပြမှူးချုပ်၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ လေ့ကျင့်ရေးဌာနမှူး၊ လ/ထညွှန်မှူး၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ဌာနမှူး၊ ဌာနခွဲမှူးများ၊ တပ်ခွဲမှူးများ၊ သန္ဓေ နည်းပြအရာရှိများ တက်ရောက်ခဲ့ကြပြီး ဗဟိုမီးသတ်သင်တန်းမှ သင်တန်းသား/သင်တန်းသူ(၂၆၀) ဦးတို့အား သင်တန်းဆင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။





No comments:

Post a Comment