ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမü
ဒုတိယရဲအုပ်လောင်း
သင်တန်းအမှတ်စဉ် (၉၂/၂၀၁၇) ရဲသူရိန်တပ်ခွဲ၏ ကတိသစ္စာခံယူ ခြင်းနှင့် အရာရှိလောင်းအသိအမှတ်ပြုအခမ်းအနားအား
(၁-၉-၂၀၁၇) ရက်နေ့ (၀၈၀၀) အချိန်မှ (၀၉၀၀)အချိန်ထိ ကျင်းပပြုလုပ် ခဲ့ပါသည်။
အခမ်းအနားတွင် ဒုတိယရဲအုပ်လောင်းသင်တန်းသားများမှ
နိုင်ငံတော်အလံကို ထိကိုင် ကတိသစ္စာခံယူခြင်း၊ ဒုတိယရဲအုပ်လောင်းသုံးဦးအား ရဲအရာရှိလေ့ကျင့်ရေးကျောင်း
ခေတ္တကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနမှူး(လေ့ကျင့်ရေး) တို့မှ အရာရှိလောင်းအသိအမှတ်ပြုအဆင့်တံဆိပ်တပ်ဆင်ပေးခြင်း၊
ကျန် ဒုတိယရဲအုပ်လောင်း (၃၁၂) ဦးတို့မှ အချင်းချင်းအပြန်အလှန် အရာရှိလောင်းအဆင့်တံဆိပ်တပ်ဆင်ပေးခြင်းတို့
ပြုလုပ်ပေးခဲ့ကြ ပြီးနောက် ခေတ္တကျောင်းအုပ်ကြီး ရဲမှူးကြီး ကျော်ထွန်းက မိန့်ခွန်း
ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ
နည်းပြမှူးချုပ်၊ ဌာနမှူးများ၊ ဌာနခွဲမှူးများ၊ သန္ဓေနည်းပြအရာရှိများ၊ အထူးစုံစမ်း
စစ်ဆေးရးဦးစီးဌာန (မတလ)မှ ဒုညွန်မှူး ဦးခင်မောင်သက်၊ ရဲသူရိန် တပ်ခွဲ သင်တန်းဌာနခွဲမှူး၊
နည်းပြအရာရှိများနှင့် အရာရှိလောင်း သင်တန်းသား (၂၅၅) ဦး၊ သင်တန်းသူ (၆၀) ဦး၊ ပေါင်း
(၃၁၅) ဦးနှင့် ဧည့်သည်တော်မိဘဆွေမျိုးစုစုပေါင်း (၄၉) ဦးခန့် တက်ရောက်ခဲ့ပါသည်။
 
No comments:
Post a Comment