Sunday, August 13, 2017

ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ပုညကာရမဟာဝီရစေတီတော်မုဒ်ဦးဖွင့်လှစ်ခြင်းရေစက်ချအခမ်းအနားကျင်းပ

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ပုညကာရမဟာဝီရစေတီတော်မုဒ်ဦး ဖွင့်လှစ်ခြင်းအခမ်းအနားကို ၁၃-၈-၂၀၁၇ ရက်နေ့ ၀၆၀၀ အချိန်ကျင်းပရာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ပညာဇောတာရုံကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ၀င်းမြင့်စိုး အမှူးထား၍ အရာရှိ/အခြားအဆင့် တပ်ဖွဲ့ဝင်များ၊ သင်တန်းသား/သူများမှ ပုညကာရမဟာဝီရစေတီတော်မုဒ်ဦးနှင့် နှစ်ခန်းတွဲသန့်စင်ခန်းဆောက်လုပ်လှူဒါန်းရာ အထွေထွေကုန်ကျစရိတ် အပါအ၀င် စုစုပေါင်း (၉၂) သိန်းအား ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။
ပုညကာရမဟာဝီရစေတီတော်မုဒ်ဦး ဖွင့်လှစ်ခြင်း အခမ်းအနားသို့ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနမှူးများ၊ ဌာနခွဲမှူးများ၊ နည်းပြအရာရှိများ၊ သန္ဓေတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ သင်တန်းသား/သူများ တက်ရောက်ကာ အခမ်းအနားအား ၀၇၃၀ အချိန်တွင် ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ပိတ်သိမ်းခဲ့ပါသည်။









No comments:

Post a Comment