ရဲအရာရှိလေ့ကျင့်ရေးကျောင်း ခန်းမ (၂)တွင် (၄-၈-၂၀၁၇) ရက်နေ့(၀၈၀၀) အချိန်မှ (၀၈၃၀) အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း နည်းပြ(အရာရှိ) မွမ်းမံသင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားအားကျင်းပရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ၀င်းမြင့်စိုးမှ သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ရာ နည်းပြကောင်းတစ်ယောက် ဖြစ်လာဖို့အတွက် ရှိရမည့်အရည်အချင်း၊ အရည်အသွေးများကို လိုက်နာရန်နှင့် မိမိစိုက်ပျိုးတဲ့အပင်က အသီးအပွင့်ကို မိမိစားသုံးရမှာဖြစ်တဲ့အတွက် သင်ကြားရမည့်ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျသင်ကြားနိုင်သည့်နည်းပြ ကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနမှူးများ၊ ဌာနခွဲမှူးများနှင့် သင်တန်းသား/သင်တန်းသူ အရာရှိ (၁၁၅) ဦး တက်ရောက်ခဲ့ပါသည်။
 
No comments:
Post a Comment