ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဇီးပင်ကြီး၊ အုပ်ချုပ်ရေးခန်းမတွင် (၂၈-၇-၂၀၁၇) ရက်နေ့ (၀၈၃၅) အချိန် ထိုင်းနိုင်ငံ၊ ထိုင်းဘုရင့် ရဲတက္ကသိုလ်မှ Police Major General Narong Spayen (Commander of Cadet Command Division) နှင့်အဖွဲ့ အား ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ၀င်းမြင့်စိုးမှ တွေ့ဆုံမိတ်ဆက်၍ ကျောင်းတံဆိပ် လက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ပြီး နည်းပြမှူးချုပ် ယာယီရဲမှူးကြီး တင့်ဆွေမှ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဖွဲ့စည်းပုံ၊ ရည်မှန်းချက်၊ ဒုရဲအုပ်လောင်းသင်တန်းများ၏ ရည်ရွယ်ချက်နှင့် လေ့ကျင့်သင်ကြားပေးမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ထိုင်းနိုင်ငံ၊ ထိုင်းဘုရင့် ရဲတက္ကသိုလ်မှ Police Major General Narong
Spayen (Commander of Cadet Command Division) နှင့်အဖွဲ့အားလေ့ကျင့်ရေးရုံးရှိ၊ ပြတိုက်၊ စာကြည့်တိုက်၊ မှုခင်းသိပ္ပံဓါတ်ခွဲခန်း၊ CBT ခန်း၊ ကွန်ပျူတာစာသင်ခန်းနှင့် သုံးထပ်ဆောင် သင်တန်းသူအိပ်ဆောင်များအား လိုက်လံပြသရှင်းလင်းခဲ့ပြီး (၁၁၂၅) အချိန်တွင် ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ပြန်လည်ထွက်ခွါသွားကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment