ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမ၌ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၁/၂၀၁၇) ရဲကျော်သူတပ်ခွဲ၏ ကတိသစ္စာခံယူခြင်းနှင့် အရာရှိလောင်းအသိအမှတ်ပြုအခမ်းအနားအား (၂၂-၇-၂၀၁၇) ရက်နေ့ (၀၈၀၀) အချိန်မှ (၀၉၀၀) အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဒုတိယရဲအုပ်လောင်းသင်တန်းသားများမှ နိုင်ငံတော်အလံကို ထိကိုင်၍ ကတိသစ္စာခံယူခြင်း၊ ဒုတိယ ရဲအုပ်လောင်းသုံးဦးအား ရဲအရာရှိလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် နည်းပြမှူးချုပ် တို့မှ အရာရှိလောင်းအသိအမှတ်ပြု အဆင့်တံဆိပ်တပ်ဆင်ပေးခြင်း၊ ကျန်ဒုတိယရဲအုပ်လောင်း (၂၅၇) ဦးတို့မှ အချင်းချင်း အပြန်အလှန်အရာရှိလောင်းအသိအမှတ်ပြု အဆင့်တံဆိပ်တပ်ဆင်ပေးခြင်းတို့ ပြုလုပ်ပေးခဲ့ကြပြီးနောက် ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ၀င်းမြင့်စိုးမှ မိန့်ခွန်းပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနမှူးများ၊ ဌာနခွဲမှူးများ၊ သန္ဓေနည်းပြအရာရှိများ၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး ညွန်မှူး ဦးဇော်လင်းထွန်း၊ လေ့ကျင့်ရေးဌာနမှူး ဒုညွန်မှူး ဦးစိုးဝင်း၊ နည်းပြအရာရှိများနှင့် အရာရှိလောင်းသင်တန်းသား (၂၀၇)ဦး၊ သင်တန်းသူ (၅၃) ဦး၊ ပေါင်း (၂၆၀) ဦးနှင့် ဧည့်သည်တော်မိဘဆွေမျိုးစုစုပေါင်း (၇၈) ဦးခန့် တက်ရောက်ခဲ့ပါသည်။
 
No comments:
Post a Comment