မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့အတွင်း ဆွေးနွေးပွဲနှင့် ဆန္ဒဖေါ်ထုတ်ပွဲ (၇/၂၀၁၇) အခမ်းအနားကို (၂၁-၇-၂၀၁၇) ရက်နေ့ (၁၅၃၀) အချိန်မှ (၁၆၃၀) အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မိသားစု စည်းရုံးရေး နှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ ဒေါ်စောယုနွယ်က ဦးဆောင်ပြုလုပ်ခဲ့ပြီး သန္ဓေမိသားစုဝင် (၁၁၇) ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ကျောင်းအုပ်ကြီး၏ဇနီး ဒေါ်စောယုနွယ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဒုရဲမှူး မောင်ဝင်း၏ဇနီး ဒေါ်လှလှဝင်းမှ ၁၄-၇-၂၀၁၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ “ဆေးဘက်ဝင် ကြက်သွန်ဖြူကို နေ့စဉ် စားသုံးခြင်းအကျိုး” ခေါင်းစဉ်အား ဖတ်ကြားဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဆန္ဒဖေါ်ထုတ်ပွဲအခမ်းအနားကျင်းပခဲ့ရာ မိသားစုဝင်များမှ ဆောင်ရွက်ပေးရန်မရှိကြောင်း တင်ပြလာသည့် အတွက် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
 
No comments:
Post a Comment