မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း တပ်တွင်းစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့အတွင်း လစဉ်ဆွေးနွေးပွဲနှင့် ဆန္ဒဖေါ်ထုတ်ပွဲ (၇/၂၀၁၇) အခမ်းအနားနှင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူး/ရိုးရိုးအောင်မြင်သူများအား ဂုဏ်ပြုဆုငွေထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ၂၁-၇-၂၀၁၇ ရက်နေ့ (၁၄၀၀) မှ (၁၅၃၀) အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌ ကျင်းပ ပြုလုပ်ရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ၀င်းမြင့်စိုးက အဖွင့်အမှာစကားပြောကြားပြီးနောက် တာဝန်/စီမံဌာန ဒုရဲမှူး မောင်ဝင်းမှ ၁၆-၂-၂၀၁၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ “မျက်စိရုတ်တရက်မှုံသွားပြီဆိုလျင်” ခေါင်းစဉ်အား ဆွေးနွေးခဲ့ပါသည်။
အခမ်းအနားသို့ သန္ဓေအရာရှိ (၉၆) ဦး၊ အခြားအဆင့်၊ ကျန်းမာရေးနှင့် စာရေးဝန်ထမ်း (၁၁၈) ဦး မိသားစု (၁၁၇) ဦး စုစုပေါင်း (၃၃၁) ဦး တက်ရောက်ခဲ့ပါသည်။
ဆက်လက်ပြီး ကျောင်းအုပ်ကြီးမှ တပ်ဖွဲ့ဝင်အချင်းချင်းစည်းလုံးညီညွတ်မှုရှိပြီး၊ အချင်းချင်းကူညီရိုင်းပင်း၍ တပ်ဖွဲ့ စည်းကမ်းနှင့်နေထိုင်ကြရန်၊ တပ်ဖွဲ့ဝင်နှင့် မိသားစုများသည် အသက်အန္တရာယ်နှင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး အတွက် ဆိုင်ကယ်စီးနင်းရာတွင် ဦးထုတ်ဆောင်း၍ စီးကြရန်တို့အား အလေးထားလိုက်နာဆောင်ရွက်သွားကြရန်၊ လောင်းကစားခြင်းမပြုလုပ်ကြရန်၊ လူမှုရေးဖေါက်ပြန်သည့် ဖြစ်စဉ်များမဖြစ်ပေါ်စေရေး လိုက်နာဆောင်ရွက်ရန်၊ မိမိတို့၏သားသမီးများအား ထူးချွန်ထက်မြက်သော ပညာတတ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်နှင့် အရက် သေစာသောက်စားခြင်းမပြုလုပ်ရန် ဆွေးနွေးမှာကြားခဲ့ပါသည်။
၎င်းနောက် ကျောင်းအုပ်ကြီးနှင့်ဇနီး ဒေါ်စောယုနွယ်မှ (၆) ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၁) ဦး တို့အား ဆုချီးမြှင့်ခြင်း၊ နည်းပြမှူးချုပ်၏ဇနီး ဒေါ်တင်တင်ဆန်းမှ (၂) ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၅) ဦးတို့အား ဆုချီးမြှင့်ခြင်း၊ ဌာနမှူး (လေ့ကျင့်ရေး)၏ဇနီး ဒေါ်ချိုချိုဇော်မှ ရိုးရိုးအောင်မြင်သူ (၈) ဦးတို့အား ထောက်ပံ့ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

No comments:
Post a Comment