ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ခန်းမ (၂) တွင် (၁၀-၇-၂၀၁၇) ရက်နေ့ (၁၈၃၀) အချိန်မှ (၁၉၀၀) အချိန်ထိ နည်းပြ (အရာရှိ) မွမ်းမံသင်တန်းဖွင့်အခမ်းအနားအား ကျင်းပခဲ့ရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချု့် ၀င်းမြင့်စိုးမှ သင်တန်းဖွင့် မိန့်ခွန်းပြောကြားခဲ့ရာ နည်းပြ (အရာရှိ) များအနေဖြင့် စနစ်တကျလေ့လာသင်ယူခြင်းသည် တာဝန်တစ်ရပ် ထမ်းဆောင် နေခြင်းဖြစ်တယ်လို့ ခံယူကျင့်သုံးရန်လိုကြောင်း၊ ဘက်ပေါင်းစုံက ထူးချွှန်ထက်မြက်တဲ့ သင်တန်းသားများ လေးစား ယုံကြည်အားကိုးရတဲ့ နည်းပြကောင်းများဖြစ်အောင် လေ့လာသင်ယူရန်လိုကြောင်း၊ အနာဂါတ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ အတွက် အရည်အချင်းပြည့်ဝသော အရာရှိကောင်းများ မွေးထုတ်ပေးရန်အတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ နည်းပြကောင်းများဖြစ်အောင် လေ့လာသင်ယူရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
နည်းပြ(အရာရှိ) မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ နည်းပြမှူးချုပ်၊ ဌာနမှူး (စာပေ/လေ့ကျင့်)၊ ဌာနခွဲမှူးများနှင့် သင်တန်းသား/သူ အရာရှိ (၁၀၅) ဦးတက်ရောက်ခဲ့ပြီး နည်းပြ(အရာရှိ) မွမ်းမံသင်တန်းအား ၁၀-၇-၂၀၁၇မှ ၄-၈-၂၀၁၇ အထိ ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါသည်။
No comments:
Post a Comment