(၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နှစ်ပတ်လည်နေ့အခမ်းအနားကို ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမတွင် ၁-၁၀-၂၀၁၇ ရက်နေ့ (၀၉၀၀) အချိန် ကျင်းပရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ပေးပို့သော ရဲချုပ်၏သ၀ဏ်လွှာအား ဖတ်ကြားခြင်း၊ ရဲတပ်ဖွဲ့ဆိုင်ရာ လှုပ်ရှားမှုဗီဒီယိုပြသခြင်း၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်းမှ ရာထူးတိုးမြှင့်ခြင်းခံရသော တပ်ဖွဲ့ဝင်များအား ကျောင်းအုပ်ကြီးမှ ရာထူးတံဆိပ် တပ်ဆင်ပေးခြင်း၊ ပြည်တွင်း/ပြည်ပသင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့သော တပ်ဖွဲ့ဝင်များအား သင်တန်းထူးချွှန်ဆု ချီးမြှင့်ခြင်း၊ အုပ်ချုပ်ရေး/လေ့ကျင့်ရေးဌာနများမှ လုပ်ငန်းတာဝန်ကျေပွန်စွာ ထမ်းဆောင်သည့် တပ်ဖွဲ့ဝင်များအား လုပ်ငန်းတာဝန်ကျေပွန်ဆုချီးမြှင့်ခြင်း၊ ကျောင်းအုပ်ကြီး၏ဇနီး၊ နည်းပြမှူးချုပ်၏ဇနီး၊ ဌာနမှူး(လေ့ကျင့်)၏ဇနီးတို့မှ မိသားစုနေအိမ်လိုင်းခန်းဆုနှင့် မိသားစုနေအိမ်လိုင်းခန်းဆုနှင့် စံပြမိခင်ဆုများ ချီးမြှင့်ခြင်းတို့ ဆောင်ရွက်ကာ (အရာရှိ/ အခြားအဆင့်)တပ်ဖွဲ့ဝင်များအား ဗလာမပါကံစမ်းမဲဖေါက်၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နှစ်ပတ်လည်နေ့အခမ်းအနားသို့ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနမှူး(လေ့ကျင့်/စာပေ) ဌာနခွဲမှူးများ၊ နည်းပြအရာရှိများ၊ အရာရှိ/အခြားအဆင့်၊ စာရေးဝန်ထမ်း၊ ဒုရဲအုပ်လောင်းသင်တန်း/သူများ စုစုပေါင်း (၉၂၅)ဦး တက်ရောက်ကာ (၁၀၀၀) အချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ပါသည်။

 
No comments:
Post a Comment