မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၏ (၁၉)ကြိမ်မြောက် မိသားစုဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမ၌ ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့ (၁၃၇၉ ခုနှစ် တန်ဆောင်မုန်း လဆန်း (၉)ရက်) နံနက် (၀၅၃၀) အချိန်မှ (၀၇၃၀) အချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက်နှင့်ဇနီး ဒေါ်ရည်မွန်ချို၊  ဒုတိယကျောင်းအုပ်ကြီးနှင့်ဇနီး၊ နည်းပြမှူးချုပ်နှင့်ဇနီး၊ သန္ဓေတပ်ဖွဲ့ဝင်များ၊  မိသားစုဝင်များနှင့် သင်တန်းသား/သင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ  အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပေးပြီး  ဇီးပင်ကြီးကျေးရွာ  (၂၁)မိုင် ကျော င်းဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပါသည်။ထို့နောက်     ရဲအရာရှိလေ့ကျင့်ရေးကျောင်း  ကျောင်းအုပ်ကြီးနှင့်ဇနီးတို့မှ ဦးဆောင်၍     ကထိန်သင်္ကန်းနှင့်ဝတ္ထုငွေဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် (၂၁)မိုင်ကျောင်း၊ မိုးကုတ်ဆရာတော်ထံမှ အနုမောဓနာတရားနှင့် ရေစက်ချတရားနာယူလျက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
ထို့နောက် ဆရာတော် သံဃာတော်များအား  အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသူအပေါင်းတို့အား နို့စိမ်းခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
 
No comments:
Post a Comment