ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဇီးပင်ကြီး၊ အစည်းအဝေးခန်းမ (၁)တွင် (၁၆-၁၁-၂၀၁၇) ရက်နေ့ (၁၅၁၀) အချိန်  ဒုကျောင်းအုပ်ကြီး (Mr.Huang Zhyue) နှင့်အဖွဲ့အား ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက်၊ ဒုကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်နှင့် ဌာန/ဌာနခွဲမှူးများမှ တွေ့ဆုံမိတ်ဆက်၍ နည်းပြမှူးချုပ် ယာယီရဲမှူးကြီး တင့်ဆွေမှ ရဲအရာရှိလေ့ကျင့်ရေးကျောင်းသမိုင်းနှင့် သင်တန်းသားများအား လေ့ကျင့်ပေးနေမှု အခြေအနေအား Power Point ဖြင့် ရှင်းလင်းပြသပြီး အုပ်ချုပ်ရေးရုံးဧည့်ခန်းမတွင် ကျောင်းအုပ်ကြီးနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပြည်သူ့ရဲကောလိပ်မှ ဒုကျောင်းအုပ်ကြီး (Mr.Huang Zhyue)တို့ အပြန်အလှန် မိတ်ဆက်စကားပြောကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပါသည်။
ဆက်လက်၍ ၁၆၁၅ အချိန်တွင် ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီးနှင့်အဖွဲ့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့ရဲကောလိပ်မှ ဒုကျောင်းအုပ်ကြီး (Mr.Huang Zhyue) နှင့်အဖွဲ့အား လေ့ကျင့်ရေးရုံးရှိ ကွန်ပျူတာ၊ ပြတိုက်၊ စာကြည့်တိုက်၊ အင်္ဂလိပ်စာ၊ မှုခင်းသိပ္ပံဓါတ်ခွဲခန်းတို့အား လှည့်လည်ပြသခဲ့ပြီး ရဲအရာရှိကြီးများရိပ်သာ၌ ခေတ္တရပ်နားကာ ၁၆၅၅ အချိန်တွင် ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ မန္တလေးမြို့သို့ ပြန်လည်ထွက်ခွါသွားခဲ့ပါသည်။
 
No comments:
Post a Comment