မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း တပ်တွင်းစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့အတွင်း လစဉ်ဆွေးနွေးပွဲနှင့် ဆန္ဒဖေါ်ထုတ်ပွဲ (၁၁/၂၀၁၇) အခမ်းအနားကို (၁၇-၁၁-၂၀၁၇) ရက်နေ့ (၁၃၃၀) အချိန်မှ (၁၄၃၀) အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက်မှ ဦးဆောင်ပြုလုပ်ခဲ့ပြီး သန္ဓေအရာရှိ (၇၄) ဦး၊ အခြားအဆင့်၊ စာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း (၁၀၂) ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက်က အဖွင့်အမှာစကားပြောကြားပြီးနောက် ရဲအုပ် တင်အောင်စိုးက (၂၂-၇-၂၀၁၇) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးရှင် ဒေါက်တာ မောင်ကြီး (စိတ်ကျန်းမာ/မူးယစ်) ရေးသားသော “အရက်နှင့် မူးယစ်ဆေးစွဲမှု ကာကွယ် ကုသရေးဆိုင်ရာ ဒဿန” ခေါင်းစဉ်အား ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဆန္ဒဖေါ်ထုတ်ပွဲအခမ်းအနားအား ကျင်းပခဲ့ရာ သန္ဓေအရာရှိနှင့် အခြားအဆင့်တပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ပေးရန် မရှိကြောင်း တင်ပြသည့်အတွက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
 
No comments:
Post a Comment