မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့အတွင်းဆွေးနွေးပွဲနှင့် ဆန္ဒဖေါ်ထုတ်ပွဲ (၁၁/၂၀၁၇) အခမ်းအနားကို (၁၇-၁၁-၂၀၁၇) ရက်နေ့ (၁၅၃၀) အချိန်မှ (၁၃၀) အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်ရည်မွန်ချိုမှ ဦးဆောင်ပြုလုပ်ခဲ့ပြီး သန္ဓေမိသားစုဝင် (၁၁၅) ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ ကျောင်းအုပ်ကြီး၏ဇနီး ဒေါ်ရည်မွန်ချိုက အဖွင့်အမှာစကားပြောကြားပြီးနောက် ရဲအုပ် ထင်ကျော်၏ဇနီး ဒေါ်ဥမ္မာက ဆောင်းပါးရှင် ကျော်ညွန့်ရည် ရေးသားသော “နှလုံးကျန်းမာရေး နေ့စဉ်လမ်းလျှောက်ပေး” ခေါင်းစဉ်အား ဖတ်ကြား ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဆန္ဒဖေါ်ထုတ်ပွဲအခမ်းအနားကျင်းပခဲ့ရာ မိသားစုဝင်များမှ ဆောင်ရွက်ပေးရန် မရှိကြောင်း တင်ပြလာသည့် အတွက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
 
No comments:
Post a Comment