မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲလေ့ကျင့်ရေးဌာနကြီးမှ ရဲလေ့ကျင့်ရေးအရာရှိချုပ် ရဲမှူးချုပ် ဇော်မိုးသန်းသည် ရဲအရာရှိလေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်တို့လိုက်ပါလျက် ၂၀-၁၁-၂၀၁၇ ရက်နေ့ ၀၇၀၀ အချိန်တွင် သင်တန်းသားအိပ်ဆောင်၊ စားရိပ်သာ၊ လျှပ်စစ်စားချက်ဆောင်၊ ဆောက်လုပ်ဆဲ (၆)ခန်းတွဲနှစ်ထပ်နှင့် နှစ်ခန်းတွဲသုံးထပ် နေအိမ်လိုင်းခန်းဆောက်လုပ်နေမှုအား လှည့်လည်စစ်ဆေးခြင်း၊ ၁၁၃၀ အချိန်တွင် ရဲအရာရှိစားရိပ်သာတွင် အရာရှိများနှင့်အတူ နေ့လည်စာ သုံးဆောင်ခဲ့ ပြီးနောက် ၁၂၃၀ အချိန်မှ ၁၄၅၀ အချိန်ထိ ဗဟိုခန်းမတွင် ဒုရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၈၉/၂၀၁၆) ရဲသူရတပ်ခွဲ မှ သင်တန်းသား/သင်တန်းသူများအား “ရဲလုပ်ငန်းဆိုင်ရာ သိကောင်းစရာများနှင့် ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်” အကြောင်း ဆွေးနွေးပို့ချခဲ့ပြီး ၁၅၄၀ အချိန်တွင် ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ပြန်လည်ထွက်ခွါ သွားခဲ့ပါသည်။
 
No comments:
Post a Comment