ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဇီးပင်ကြီး၊ အုပ်ချုပ်ရေးရုံးသို့ (၁၃-၁၂-၂၀၁၇) ရက်နေ့ (၁၅၁၅) အချိန် အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာန (Office of Europe and Asia) နိုင်ငံခြားရေးအရာရှိ Ms.Regina Kang ဦးဆောင်သောအဖွဲ့ ရောက်ရှိခဲ့ရာ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက်၊ ဒုကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်တို့မှ ကြိုဆိုခဲ့ပြီး အပြန်အလှန်မိတ်ဆက်၍ အုပ်ချုပ်ရေးရုံး ခန်းမ(၁)တွင် သင်တန်းသားများအား လေ့ကျင့်ပေးနေမှုနှင့် လေ့ကျင့်ရေးဆိုင်ရာ ဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ (၁၆၀၅) အချိန် ရဲအရာရှိလေ့ကျင့်ရေျးေကျာင်း၊ ကျောင်းအုပ်ကြီးနှင့်အဖွဲ့မှ အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားအရာရှိအဖွဲ့အား လေ့ကျင့်ရေးရုံးရှိ ကွန်ပျူတာခန်း၊ အင်္ဂလိပ်စာသင်ခန်း၊ မှုခင်းသိပ္ပံဓါတ်ခွဲခန်းနှင့် ပြတိုက်တို့အား လှည့်လည်ပြသခဲ့ပြီး (၁၇၄၀) အချိန်တွင် အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားအရာရှိအဖွဲ့သည် ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ မန္တလေးမြို့သို့ ပြန်လည်ထွက်ခွါ သွားခဲ့ပါသည်။
 
No comments:
Post a Comment