မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲုအရာရှိလေ့ကျင့်ရေးကျောင်း ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၉၂/၂၀၁၇) ရဲသူရိန်တပ်ခွဲ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်(၀၈၀၀)နာရီအချိန်မှ (၀၈၃၀)နာရီအချိန်ထိ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးရှိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌ ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက် တက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီး အကောင်းဆုံးကျောင်းသားဆုနှင့် ဥပဒေထူးချွန်ဆုရရှိသူ ကသ-၃၁၅ ဒုစုံမှူး ဥမ္မာစိုး၊ လေ့ကျင်ရေ့းထူးချွန်ဆုရရှိသော ကသ-၂၀၁၊ ဒုစုံမှူး သန်းထိုက်၊ သင်တန်းများကိုယ်စား သင်တန်းဆင်းလက်မှတ်များကို ကသ-၆၅ ဒုစုံမှူး ဇေယျာသန်း တို့အား ပေးအပ်ခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက်၊ ဒုတိယကျောင်းအုပ်ကြီး ရဲမှူးကြီး ကျော်ထွန်း၊ နည်းပြမှူးချုပ် ယာယီရဲမှူးကြီး တင့်ဆွေ၊ နေပြည်တော် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စီမံ) ဦးအောင်မျိုး၊ ညွှန်ကြားရေးမှူး စစစ(မတလ)မှ ဦးသော်တာအောင်၊ ရဲအရာရှိလေ့ကျင်ရေ့းကျောင်းမှ ဌာနခွဲမှူး(စာပေ)၊ ဌာနခွဲမှူးများ၊ တပ်ခွဲမှူးများ၊ သန္ဓေနည်းပြအရာရှိများ၊ သင်တန်းသား(၂၅၅)ဦး၊ သင်တန်းသူ(၆၀)ဦး၊ စုစုပေါင်း(၃၁၅)ဦးတို့ တက်ရောက်ကြပြီး၊ ၀၈၃၀ အချိန်တွင် သင်တန်းဆင်းပွဲအခမ်းအနား ပြီးဆုံးခဲ့ပါသည်။
 
No comments:
Post a Comment