Friday, January 19, 2018

ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ဇီးပင်ကြီးအခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ သန္ဓေ တပ်ဖွဲ့ဝင်(အရာရှိ/အခြားအဆင့်) စာရေးဝန်ထမ်း စုစုပေါင်း အင်အား (၁၇၅) ဦးတို့သည် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ၂၀-၁-၂၀၁၈ ရက်နေ့ (၀၇၀၀) အချိန်မှ (၀၉၀၀) အချိန်ထိ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးအခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ရာ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက်၊ နည်းပြမှူးချုပ်နှင့် ဌာနမှူးများ တက်ရောက် ကြည့်ရှုအားပေးခဲ့ပါသည်။





No comments:

Post a Comment