ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမတွင် (၈-၁-၂၀၁၈) ရက်နေ့ (၀၈၀၀) အချိန်မှ (၀၉၃၀) အချိန်ထိ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၃/၂၀၁၈) ရဲသူရတပ်ခွဲသင်တန်းဖွင့်ပွဲ အခမ်းအနားအား ပထမပိုင်းနှင့် ဒုတိယပိုင်း၊ 
 အပိုင်း (၂)ပိုင်းခွဲ၍  ကျင်းပပြုလုပ်ခဲ့ရာ ပထမပိုင်းတွင် 
ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက်က 
သင်တန်းဖွင့်မိန့်ခွန်းပြောကြားပြီး သင်တန်းအား ဖွင့်လှစ်ပေးခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့
 ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဒုတိယကျောင်းအုပ်ကြီး ရဲမှူးကြီး ကျော်ထွန်း၊ 
နည်းပြမှူးချုပ် ယာယီရဲမှူးကြီး တင့်ဆွေ၊ ဌာနမှူးများ၊ ဌာနခွဲမှူးများ၊ 
နည်းပြအရာရှိများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပဏာမ ရွေးချယ်ထားသော 
ဒုတိယရဲအုပ်လောင်း သင်တန်းသား(၂၀၃)ဦး၊ သင်တန်းသူ(၁၁၄)ဦး၊ 
အကျဉ်းဦးစီးဌာနမှ သင်တန်းသား(၁၀)ဦး၊ စုစုပေါင်း(၃၂၇)ဦး 
တက်ရောက်ခဲ့ပါသည်။
ဆက်လက်ပြီး 
သင်တန်းဖွင့်ပွဲ ဒုတိယပိုင်းအားကျင်းပပြုလုပ်ခဲ့ရာ နည်းပြမှူးချုပ် 
ယာယီရဲမှူးကြီး တင့်ဆွေ က သင်တန်းသား/သင်တန်းသူများအား 
ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ကျောင်းလက်စွဲပါ စည်းကမ်းချက်များ၊ 
ကျောင်းဝင်ညွှန်ကြားလွှာပါ စည်းကမ်းပိုင်းဆိုင်ရာများနှင့် 
ဆုရွေးချယ်ရေးဆိုင်ရာမူဝါဒများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး 
ရဲအရာရှိလေ့ကျင့်ရေးကျောင်းရှိ ဌာနမှူးများ၊ ဌာနခွဲမှူးများ၊ 
နည်းပြအရာရှိများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။
အဆိုပါသင်တန်းအား ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၈ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရ်ီလ ၃ ရက်နေ့ထိ (၅၂)ပတ်ကြာ တက်ရောက်ရမည်ဖြစ်ပါသည်။
 
No comments:
Post a Comment