Tuesday, December 26, 2017

တပ်တွင်းစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့အတွင်း လစဉ်ဆွေးနွေးပွဲနှင့် ဆန္ဒဖေါ်ထုတ်ပွဲ(၁၂/၂၀၁၇) ကျင်းပ

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ တပ်တွင်းစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့အတွင်း လစဉ်ဆွေးနွေးပွဲနှင့် ဆန္ဒဖေါ်ထုတ်ပွဲ (၁၂/၂၀၁၇) အခမ်းအနားကို (၂၆-၁၂-၂၀၁၇) ရက်နေ့ (၁၄၀၀) အချိန်မှ (၁၅၀၀) အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက်နှင့် ဇနီး ဒေါ်ရည်မွန်ချိုမှ ဦးဆောင်ပြုလုပ်ပြီး အခမ်းအနားသို့ အရာရှိ (၉၉) ဦး၊ အခြားအဆင့်/စာရေး/ ကျန်းမာရေးဝန်ထမ်း (၉၅) ဦး၊ မိသားစု (၁၂၁) ဦး စုစုပေါင်း (၃၁၅) ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဆန္ဒဖေါ်ထုတ်ပွဲအခမ်းအနားအား ကျင်းပခဲ့ရာ သန္ဓေအရာရှိ/အခြားအဆင့်တပ်ဖွဲ့ဝင်များနှင့် မိသားစုများမှ ဆောင်ရွက်ပေးရန် မရှိကြောင်း တင်ပြလာသည့်အတွက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


No comments:

Post a Comment