မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း တပ်တွင်းစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့အတွင်း လစဉ်ဆွေးနွေးပွဲနှင့် ဆန္ဒဖေါ်ထုတ်ပွဲ (၂/၂၀၁၈) အခမ်းအနားကို (၁-၂-၂၀၁၈) ရက်နေ့ (၁၄၀၀) မှ (၁၅၀၀) အချိန်ထိ  ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက်နှင့် ဇနီး ဒေါ်ရည်မွန်ချိုတို့မှ ဦးဆောင်ပြုလုပ်ခဲ့ပြီး သန္ဓေ္ဓအရာရှိ (၉၈) ဦး၊ အခြားအဆင့်၊ စာရေး၊ ကျန်းမာရေး ၀န်ထမ်း (၉၇) ဦး၊ မိသားစု (၁၂၅) ဦး၊ စုစုပေါင်း (၃၂၀) ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက်က အဖွင့်အမှာစကားပြောကြားပြီးနောက် ဒုရဲအုပ် ခင်အေးသူက (၁၄-၉-၂၀၁၇) ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးရှင် ဒေါက်တာ ဇော်ထွန်းလင်း (ဆေးပညာမဟာသိပ္ပံ) ရေးသားသော “၀မ်းတစ်လုံးကောင်းလျင် ခေါင်းမခဲဘူး” ဆောင်းပါးနှင့် ရဲအုပ် အောင်နိုင်ဝင်း၏ဇနီး ဒေါ်စန်းစန်းဝင်းက ဓမ္မစရိယ ဦးတင်မြင့်ရေးသားသော “အခြေခံဗုဒ္ဓယဉ်ကျေးမှု” ခေါင်းစဉ်အား ဖတ်ကြားဆွေးနွေးခဲ့ပါသည်။
 
No comments:
Post a Comment