Thursday, February 8, 2018

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲလေ့ကျင့်ရေးအရာရှိချုပ်မှ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ်(၉၀/၂၀၁၇) ရဲသီဟတပ်ခွဲအား သင်ခန်းစာဆွေးနွေးပို့ချခြင်းနှင့် ကျောင်းဝန်းအတွင်း လှည့်လည်စစ်ဆေးခြင်း

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲလေ့ကျင့်ရေးဌာနကြီး၊ ရဲလေ့ကျင့်ရေးအရာရှိချုပ် ရဲမှူးချုပ် ဇော်မိုးသန်း သည် ရဲအရာရှိလေ့ကျင့်ရေးကျောင်းသို့ ၈-၂-၂၀၁၈ ရက်နေ့ ၁၁၀၀ အချိန် ရောက်ရှိပြီးနောက် ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၉၀/၂၀၁၇)၊ ရဲသီဟတပ်ခွဲမှ သင်တန်းသား/သင်တန်းသူများအား ရဲလုပ်ငန်းအကြောင်းသိကောင်းစရာများ ဆွေးနွေးပို့ချခြင်း၊ ရဲအရာရှိ(အမျိုးသမီး)လုပ်ငန်းခွင်(မွမ်းမံ)သင်တန်းမှ သင်တန်းသူများအား တွေ့ဆုံအမှာစကား ပြောကြားခြင်း၊ ၎င်းနောက် ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဂါလံ(၄၅၀၀၀)ဆံ့ အုတ်ရေကန်၊ အမိုးဆောက်လုပ်ရန် ဆောင်ရွက်ထားရှိမှု၊ ကလေးအားကစားကွင်းတွင် အားကစားပစ္စည်းများ တပ်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် စစ်ရေးပြကွင်း(၁)ရှိ မြက်ခင်းပြင်စိမ်းလန်းစိုပြေရေးအတွက် ရေပိုက်တပ်ဆင်ဆောင်ရွက်ထားရှိမှုတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ၁၅၅၀ အချိန်တွင် ပြန်လည်ထွက်ခွာသွားပါသည်။






No comments:

Post a Comment