မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း တပ်တွင်းစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့အတွင်း လစဉ်ဆွေးနွေးပွဲနှင့် ဆန္ဒ္ဒဖော်ထုတ်ပွဲ(၃/၂၀၁၈) အခမ်းအနားကို ၅-၃-၂၀၁၈ ရက်နေ့ (၁၄၀၀)အချိန်မှ (၁၅၀၀)အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌ကျင်းပခဲ့ရာ သန္ဓေအရာရှိ(၁၀၁)ဦး၊ အခြားအဆင့်၊ စာရေး၊ ကျန်းမာရေးဝန်ထမ်း(၇၃)ဦး၊ မိသားစု(၁၁၀)ဦး၊ စုစုပေါင်း(၂၈၄)ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက်မှ အဖွင့်အမှာစကားပြောကြားပြီးနောက် ဒုရဲအုပ် အိအိအောင်မှ ၂၉-၉-၂၀၁၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးရှင် ဒေါက်တာ ဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ) ရေးသားသော “နှလုံး ကျန်းမာလူချမ်းသာ” ဆောင်းပါးနှင့် ဒုရဲမှူး မြင့်လွင်၏ဇနီး ဒေါ်ခင်လေးဟန် မှ ၁၉-၁၀-၂၀၁၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဒေါက်တာ မြတ်ထွဋ်ညွန့် ရေးသားသော “အချိုမှုန့်နှင့် ကျန်းမာရေး” ခေါင်းစဉ်အား ဖတ်ကြားဆွးနွေးပြီး ဆန္ဒဖော်ထုတ်ပွဲအား ဆောင်ရွက်ခဲ့ပါသည်။





 
No comments:
Post a Comment