Friday, March 16, 2018

ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၉၀/၂၀၁၇) ရဲသီဟတပ်ခွဲ သင်တန်းဆင်းပွဲကျင်းပ

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၀/၂၀၁၇) ရဲသီဟတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ ၀၇၃၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် (ဇီးပင်ကြီး) ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း (၁) ၌ ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ် အောင်ဝင်းဦးက ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကို ခံယူပြီး သင်တန်းဆင်းတပ်ခွဲများကို စစ်ဆေးခဲ့ပါသည်။ ထို့နောက် ဒုတိယရဲအုပ်လောင်းများမှ အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ရဲချုပ်အား ချီတက်အလေးပြုပြီးနောက် ရဲချုပ်က ရဲသီဟတပ်ခွဲမှ အကောင်းဆုံးကျောင်းသားဆုရ ကျောင်းသားအမှတ် (၈၄) ဒုတိယရဲအုပ်လောင်း ထွန်းအောင်ကျော်၊ လေ့ကျင့်ရေးထူးချွန်ဆုရ ကျောင်းသားအမှတ် (၁၆၆) ဒုတိယရဲအုပ်လောင်း သူရ၊ အင်္ဂလိပ်စာနှင့် ဥပဒေဘာသာရပ်ထူးချွန်ဆုရ ကျောင်းသားအမှတ် (၂၃၄) ဒုတိယရဲအုပ်လောင်း နှစ်သစ်ဖူး၊ ကွန်ပျူတာဘာသာရပ်ထူးချွန်ဆုရ ကျောင်းသားအမှတ် (၂၉၁) ဒုတိယရဲအုပ်လောင်း အေးအေးချမ်းတို့အား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ မီးသတ်သင်တန်းကျောင်း၊ ဒုတိယကျောင်းအုပ်ကြီး၊ သင်တန်းဆင်းအရာရှိလောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပြီး ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၉၀/၂၀၁၇) ရဲသီဟတပ်ခွဲမှ အမျိုးသား (၁၉၀) ဦး၊ အမျိုးသမီး (၁၀၉) ဦး စုစုပေါင်း (၂၉၉) ဦးတို့ကို သင်တန်းဆင်းပေးခဲ့ပါသည်။








No comments:

Post a Comment