မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၀/၂၀၁၇) ရဲသီဟတပ်ခွဲ၊ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ် မတ်လ ၁၆ ရက်နေ့ ၀၉၃၀ အချိန် ဗဟိုခန်းမ၌ ကျင်းပရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး တပ်စိတ်ချေမှုန်းရေးဆုရရှိသူ တပ်စိတ် (၁၈) မှ ကသ ၁၇၁ ဒုတိယရဲအုပ်လောင်း ဟန်ဇော်ထွန်း၊ ရဲကျင့်ဝတ်ဘာသာရပ် ထူးချွန်ဆုရရှိသူ ကသ ၁၉၆ ဒုတိယရဲအုပ်လောင်း ခင်သက်လှိုင်တို့အား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၀/၂၀၁၇) ရဲသီဟတပ်ခွဲမှ သင်တန်းသား (၁၉၀) ဦး၊ သင်တန်းသူ (၁၀၉) ဦး၊ စုစုပေါင်း (၂၉၉) ဦးတို့အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ နည်းပြမှူးချုပ်၊ ဌာနမှူး၊ ဌာနခွဲမှူးများ၊ နည်းပြအရာရှိများ၊ သင်တန်းသား/သင်တန်းသူများ၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပါသည်။
 
No comments:
Post a Comment