၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့ (၀၈၃၀) အချိန် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၌ တည်ထားကိုးကွယ်လျက်ရှိသော ပုညကာရမဟာဝီရစေတီတော် ရင်ပြင်တော်၌ ဗုဒ္ဓဘိသေက အနေကဇာတင်ပူဇော်ပွဲ အခမ်းအနားအား ပညာဇောတာရုံ ကျောင်းတိုက်ဆရာတော်ပါ ပင့်သံဃာတော် (၂၇) ပါးတို့အား အမှူးပြု၍ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက်နှင့်ဇနီး၊ ဒုတိယကျောင်းအုပ်ကြီး ရဲမှူးကြီး ကျော်ထွန်းနှင့်ဇနီး၊ နည်းပြမှူးချုပ် ယာယီရဲမှူးကြီး တင့်ဆွေနှင့်ဇနီး၊ အရာရှိ/အခြားအဆင့် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှ ကျင်းပပြုလုပ် ခဲ့ပါသည်။
ဆက်လက်၍ ပုညကာရမဟာဝီရစေတီတော်အတွင်းရှိ ဓမ္မာရုံ၌ ပထမအကြိမ် (၉၆) နာရီ နေ့/ည အသံမစဲမဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားအား နမောတဿသုံးကြိမ် ရွတ်ဖတ်ပူဇော်ဖွင့်လှစ်ခဲ့ပြီး ပညာဇောတာရုံကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ပဌာန်းပါဋ္ဌိတော်မြတ်ကြီးကို စတင် ရွတ်ဖတ်ပူဇော်ခဲ့ပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်း ပြုလုပ်ခဲ့ပါသည်။
No comments:
Post a Comment