မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၂/၂၀၁၇) ရဲသူရိန်တပ်ခွဲ (အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန) သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့  နံနက် (၀၈၀၀) မှ (၀၈၃၀) အချိန်ထိ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် (ဇီးပင်ကြီး) ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌ ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွန်ချုပ် ဦးသိန်းနိုင်ထွန်း တက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီး အကောင်းဆုံးကျောင်းသားဆုရရှိသူ စ/၂၁၉၀ ဒုစုံမှူး နေထွန်းလင်း၊ ဥပဒေဘာသာရပ် ထူးချွန်ဆုရရှိသူ စ/၂၂၉၂ ဒုစုံမှူး ဥမ္မာစိုးတို့အား ဆုများပေးအပ်ချီးမြှင့်ပြီး၊ သင်တန်းသားများကိုယ်စား သင်တန်းဆင်းလက်မှတ်များကို စ/၂၁၄၅ ဒုစုံမှူး ရဲရင့်ဇော်တို့အား ပေးအပ်ခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက်၊ ဒုတိယကျောင်းအုပ်ကြီး ရဲမှူးကြီး ကျော်ထွန်း၊ နည်းပြမှူးချုပ် ယာယီရဲမှူးကြီး တင့်ဆွေ၊ ဗဟိုမီးသတ်သင်တန်းကျောင်း ဒုတိယကျောင်းအုပ်ကြီး  ဒုတိယညွန်ချုပ် ဦးကြည်ဝင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးများ၊ ဒုတိယညွန်ကြားရေးမှူးများ၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ဌာနမှူး/ဌာနခွဲမှူးများ၊ တပ်ခွဲမှူးများ၊ သန္ဓေနည်းပြအရာရှိများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ သင်တန်းသား (၂၅၅)ဦး၊ သင်တန်းသူ (၅၈)ဦး၊ စုစုပေါင်း (၃၁၃) ဦးနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ပါသည်။






 
No comments:
Post a Comment