၂၁-၅-၂၀၁၈ ရက်နေ့ ၀၈၀၀ အချိန် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ခန်းမ (၂) ၌ ရဲအရာရှိ(အမျိုးသမီး) လုပ်ငန်းခွင်ဝင်(မွမ်းမံ)သင်တန်း၊ အမှတ်စဉ် (၃/၂၀၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပရာ ခေတ္တကျောင်းအုပ်ကြီး ရဲမှူးကြီး ဥက္ကာကို တက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်းပြောကြားခဲ့ကာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နည်းပြမှူးချုပ်၊ ဌာနမှူးများ၊ ဌာနခွဲမှူးများ၊ နည်းပြအရာရှိများ၊ ရဲအရာရှိ(အမျိုးသမီး) လုပ်ငန်းခွင်ဝင်(မွမ်းမံ)သင်တန်းမှ သင်တန်းသူ (၁၀၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၁-၅-၂၀၁၈) မှ (၁၅-၆-၂၀၁၈) ထိ ဖြစ်ပါသည်။
 
No comments:
Post a Comment