၂၈-၅-၂၀၁၈ ရက်နေ့ (၀၈၀၀) မှ (၀၉၀၀) အချိန်ထိ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမ၌ ဗဟိုမီးသတ်သင်တန်းကျောင်းတွင် ဖွင့်လှစ်မည့် ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၅/၂၀၁၈) ရဲကျော်သူတပ်ခွဲ သင်တန်းဖွင့်ပွဲအခမ်းအနားအား ပထမပိုင်းနှင့် ဒုတိယပိုင်း အပိုင်း (၂) ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ရာ ပထမပိုင်းတွင် ခေတ္တကျောင်းအုပ်ကြီး ရဲမှူးကြီး ဥက္ကာကိုမှ သင်တန်းဖွင့်မိန့်ခွန်းပြောကြားပြီး သင်တန်းအား ဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်ပြီး သင်တန်းဖွင့်ပွဲဒုတိယပိုင်းအား ကျင်းပပြုလုပ်ခဲ့ရာ နည်းပြမှူးချုပ် ယာယီရဲမှူးကြီး ထွန်းထွန်းဝေမှ သင်တန်းသား/သင်တန်းသူများအား ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ကျောင်းလက်စွဲပါစည်းကမ်းချက်များ၊ ကျောင်းဝင်ညွန်ကြားလွှာပါ စည်းကမ်းပိုင်းဆိုင်ရာများနှင့် ဆုရွေးချယ်ရေးဆိုင်ရာ မူဝါဒများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး ရဲအရာရှိလေ့ကျင့်ရေးကျောင်းရှိ ဌာနမှူးများ၊ ဌာနခွဲမှူးများ၊ သင်တန်းမှူးများ၊ နည်းပြများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ နည်းပြမှူးချုပ် ယာယီရဲမှူးကြီး ထွန်းထွန်းဝေ၊ ဌာနမှူး/ ဌာနခွဲမှူးများ၊ နည်းပြအရာရှိများ၊ ဗဟိုမီးသတ်သင်တန်းကျောင်း (ဇီးပင်ကြီး)မှ ဒုတိယကျောင်းအုပ်ကြီး ညွန်ကြားရေးမှူး ဦးဇော်လင်းထွန်း၊ အုပ်ချုပ်ရေးမှူးဌာနမှူး၊ လေ့ကျင့်ရေးဌာနမှူး၊ နည်းပြအရာရှိများနှင့် မီးသတ်ဦးစီးဌာနမှ ဒုတိယရဲအုပ်လောင်းသင်တန်းသား (၁၉၈) ဦး၊ သင်တန်းသူ (၉၅) ဦး၊ စုစုပေါင်း (၂၉၃) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းအား ၂၀၁၈ခုနှစ်၊ မေလ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၁၄ ရက်နေ့အထိ (၁၆) ပတ်ကြာ တက်ရောက်ရမည် ဖြစ်ပါသည်။

 
No comments:
Post a Comment