မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ၂၀၁၈-၂၀၁၉ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် လစဉ်ဆွေးနွေးပွဲနှင့် ဆန္ဒဖော်ထုတ်ပွဲ (၆/၂၀၁၈) အခမ်းအနားကို (၁.၆.၂၀၁၈) ရက်နေ့ (၁၄၀၀) မှ (၁၄၃၀) အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမ၌ ကျင်းပခဲ့ရာ၊ သန္ဓေအရာရှိ (၉၁)ဦး၊ အခြားအဆင့်၊ စာရေး၊ ကျန်းမာရေး ၀န်ထမ်း (၁၀၅)ဦး၊ မိသားစု (၉၅)ဦး၊ စုစုပေါင်း (၂၉၁)ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီးယာယီရဲမှူးချုပ် မျိုးမင်းထိုက်မှ အဖွင့်အမှာစကားပြောကြားပြီးနောက် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် အထက်တန်းကျောင်းသား/သူ (၃၀)ဦး၏ ပညာသင်ထောက်ပံ့ငွေအား ကျောင်းအုပ်ကြီးမှလည်းကောင်း၊ အလယ်တန်း ကျောင်းသား/သူ (၆၆)ဦး၏ ပညာသင်ထောက်ပံ့ငွေအား ဒုတိယကျောင်းအုပ်ကြီးမှလည်းကောင်း၊ မှုလတန်း ကျောင်းသား/သူ (၆၇)ဦး၏ ပညာသင်ထောက်ပံ့ငွေအား နည်းပြမှူးချုပ်မှလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် ရဲအုပ် စိုးမင်းလတ်(ရေးဌာနခွဲ)မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ ၁၄-၅-၂၀၁၈ ရက်စွဲပါစာအမှတ်၊ ၁၀၀၁(၁၈)/၂၂/ ထူး ၃ ဖြင့် ညွှန်ကြားထားသော အဆင့်တိုးမြှင့်ခြင်း၊ ပြောင်းရွှေ့ခြင်းများ တင်ပြမှုနှင့် ပတ်သတ်၍ ညွှန်ကြားစာအား ဖတ်ကြားဆွေးနွေးခြင်း၊ ရဲအုပ် ဇော်ထွန်းမင်း(နည်းပညာဌာနခွဲ)မှ ၂၀-၄-၂၀၁၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးရှင် မောင်သောင်းဝင်း(တမန်ဟောင်း)၏ “ မိုးကြိုကာလတွင် ဖြစ်ပေါ်တက်သော သဘာဝဘေးအန္တရာယ်များကို သတိပြုစေလို ” ခေါင်းစဉ်အား ဖတ်ကြားဆွေးနွေးခြင်း၊ ရဲအုပ် ဇော်ထွန်းမင်း(နည်းပညာဌာနခွဲ)၏ ဇနီး ဒေါ်ဒေစီခိုင်မှ ၃၀-၈-၂၀၁၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် ကြည်လွင်မြင့်(မုဒြာ)၏ “ မိုးရေထဲသွားပြီး ခြေထောက်ရေစိုလျှင် ရေနွေးမသောက်သင့် ” ခေါင်းစဉ်အား ဖတ်ကြားဆွေးနွေးခြင်း၊ ဆန္ဒဖော်ထုတ်ပွဲအား ဆက်လက် ဆောင်ရွက်ခဲ့ပြီးနောက် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ နွေရာသီအင်္ဂလိပ်စာသင်တန်းစာမေးပွဲ ဆုရရှိသူများအား ကျောင်းအုပ်ကြီး၏ဇနီး ဒေါ်ရည်မွန်ချို၊ ဌာနမှူး(လေ့ကျင့်)၏ဇနီး ဒေါ်ချိုချိုဇော်၊ ဌာနခွဲမှူး(စစ်ပညာ)၏ဇနီး ဒေါ်စမ်းမို့မို့အောင်တို့မှ ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။
 
No comments:
Post a Comment