မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်းသို့ ၂-၇-၂၀၁၈ ရက်နေ့ ၁၁၀၀ အချိန် ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်း ရောက်ရှိရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက်နှင့် နည်းပြမှူးချုပ်၊ ဌာန/ဌာနခွဲမှူးများမှ ကြိုဆိုခဲ့ကြပြီး ၁၁၃၀ အချိန် ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၉၄/၂၀၁၈) ရဲသီဟတပ်ခွဲမှ သင်တန်းသားများနှင့် အတူ နေ့လည်စာသုံးဆောင်ပြီးနောက် ၁၂၀၀ အချိန် ပုညကာရမဟာဝီရစေတီတော်တွင် ဓမ္မာရုံအသစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ၁၂၁၀ အချိန် ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမတွင် သန္ဓေတပ်ဖွဲ့ဝင်များ၊ ရဲအရာရှိ(အမျိုးသမီး) လုပ်ငန်းခွင်ဝင်(မွမ်းမံ)သင်တန်း၊ အမှတ်စဉ်(၄/၂၀၁၈)မှ သင်တန်းသူများ၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၃/၂၀၁၈)၊ (၉၄/၂၀၁၈)မှ သင်တန်းသား/သူများအား တွေ့ဆုံပြီး ရဲရာထူးခန့်ဌာနကြီး၏ လုပ်ငန်းစဉ်နှင့် မူဝါဒများအား ချပြရှင်းလင်းခဲ့ပြီးနောက် ၁၃၂၀ အချိန် ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ပြန်လည်ထွက်ခွာသွားပါသည်။
No comments:
Post a Comment