၃-၇-၂၀၁၈ ရက်နေ့ ၁၄၀၀ အချိန်မှ ၁၅၀၀ အချိန်ထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမတွင် တပ်တွင်းစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့အတွင်း လစဉ်ဆွေးနွေးပွဲနှင့် ဆန္ဒဖေါ်ထုတ်ပွဲ (၇/၂၀၁၈) အခမ်းအနားအား ကျင်းပရာ အခမ်းအနားသို့ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက် တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဒုရဲအုပ် လွင်ကိုလတ်မှ ဒေါက်တာ ကျော်သန်းထွန်း (ကန်တုံဆေးတက္ကသိုလ်) ၏ “အဆိပ်ရှိသော ဖန်းဂတ်စ်မှို” ဆောင်းပါးနှင့် ရဲအုပ် မြင့်စိုး၏ဇနီး ဒေါ်နော်အဲနီထွေးက ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေမှ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ၀န်ထမ်းသား/ သမီးများဖြစ်သော ကျောင်းသား/သူများအား ဆုံးမစကားပြောကြားရာမှ သိမှတ်ဖွယ်ရာများအား ဖတ်ကြား ဆွေးနွေးခဲ့ကာ အခမ်းအနားသို့ သန္ဓေအရာရှိ (၈၃) ဦး၊ အခြားအဆင့်၊ စာရေး/ကျန်းမာရေးဝန်ထမ်း (၈၀) ဦး၊ မိသားစု (၁၀၅) ဦး စုစုပေါင်း (၂၆၈) ဦးတက်ရောက်၍ ဆန္ဒဖေါ်ထုတ်ပွဲအား ဆောင်ရွက်ခဲ့ပါသည်။





No comments:
Post a Comment