Thursday, July 26, 2018

ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၉၄/၂၀၁၈) ရဲသီဟတပ်ခွဲ ကတိသစ္စာခံယူခြင်းနှင့် အရာရှိလောင်း အသိအမှတ်ပြု အခမ်းအနား ကျင်းပ

၂၆-၇-၂၀၁၈ ရက်နေ့ ၀၈၀၀ အချိန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမတွင် ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၉၄/၂၀၁၈) ရဲသီဟတပ်ခွဲ၏ ကတိသစ္စာခံယူခြင်းနှင့် အရာရှိလောင်း အသိအမှတ်ပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသားများမှ နိုင်ငံတော်အလံကိုထိကိုင်၍ ကတိသစ္စာခံယူခြင်း သင်တန်းသားအချင်းချင်းမှ အပြန်အလှန်အရာရှိလောင်း အသိအမှတ်ပြုအဆင့်တံဆိပ် တပ်ဆင်ပေးခြင်းတို့ ပြုလုပ်ပေးခဲ့ကြ ပြီးနောက် ခေတ္တကျောင်းအုပ်ကြီး ရဲမှူးကြီး ဥက္ကာကိုမှ မိန့်ခွန်းပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ နည်းပြမှူးချုပ်၊ ဌာနမှူး (လေ့ကျင့်ရေး)၊ ဌာနမှူး (စာပေ)၊ ဌာနခွဲမှူးများ၊ တပ်ခွဲမှူးများ၊ နည်းပြအရာရှိများ၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၄/၂၀၁၈) ရဲသီဟတပ်ခွဲမှ သင်တန်းသား (၃၀၅) ဦးနှင့် ၄င်းတို့၏ မိဘဆွေမျိုး (၃၁၀) ဦး တက်ရောက်ခဲ့ပြီး ၀၈၃၀ အချိန် အခမ်းအနားပြီးဆုံးခဲ့ပါသည်။





No comments:

Post a Comment