၂၉-၇-၂၀၁၈ ရက်နေ့၊ ၁၃၈၀ ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော်(၂)ရက်နေ့ ၀၆၀၀ အချိန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမတွင် (၁၉)ကြိမ်မြောက် ၀ါဆိုသင်္ဃန်းဆပ်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက်နှင့် ဇနီး ဒေါ်ရည်မွန်ချို၊ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်နှင့်ဇနီး၊ ဌာနမှူး (လေ့ကျင့်ရေး)နှင့်ဇနီး၊ ဌာနမှူး(စာပေ)၊ ဌာနခွဲမှူးများ၊ တပ်ခွဲမှူးများ၊ နည်းပြအရာရှိများ၊ မိသားစုဝင်များနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်၍ (၂၁)မိုင်ကျောင်းဆရာတော်ဘုရားထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ခဲ့ပြီး လှူဒါန်းမှုအစုစု ၃၃၁၄၀၇၀ိ/- အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ ပင့်သံဃာ(၁၀)ပါးအား အာရုံဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပါသည်။
 
No comments:
Post a Comment