မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နှစ်ပတ်လည်နေ့ အခမ်းအနားအား၊
ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမတွင် ၁.၁၀.၂၀၁၈ ရက်နေ့ ၀၈၀၀ အချိန်မှ
၀၉၀၀ အချိန်ထိ ကျင်းပရာ၊ ကျောင်းအုပ်ကြီး ရဲမှူးကြီး လူလူသန်း
တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားတွင်
ရဲချုပ်မှ ပေးပို့သော သ၀ဏ်လွှာအား ဖတ်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဆိုင်ရာ Video Clip ပြသခြင်း၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊
အုပ်ချုပ်ရေးဌာန/လေ့ကျင့်ရေးဌာနများမှ လုပ်ငန်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သည့် အရာရှိ/အခြားအဆင့် တပ်ဖွဲ့ဝင်များနှင့်
ကျန်းမာရေးဝန်ထမ်းတို့အား ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊
နည်းပြမှူးချုပ်တို့မှ ဆုများအသီးသီးချီးမြှင့်ခြင်း၊
ရဲအရာရှိ လေ့ကျင့်ရေးကျောင်း၊ မိသားစုစည်းရုံးရေးနှင့်
စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ မိသားစုနေအိမ်လိုင်းခန်းဆုရရှိသူ
အသီးသီးအား ဆုများချီးမြှင်ြ့ခင်းတို့ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်ပြီး
ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ အရာရှိ/အခြားအဆင့် တပ်ဖွဲ့ဝင်များ၊
ကျန်းမာရေးဝန်ထမ်း၊ အရပ်သားဝန်ထမ်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့
အမှတ်တရ လက်ဆောင်ပစ္စည်းများအား ကျောင်းအုပ်ကြီး ရဲမှူးကြီး လူလူသန်းမှ ပေးအပ်ရာ၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း အုပ်ချုပ်ရေးဌာနကိုယ်စား
ဒုတိယကျောင်းအုပ်ကြီး ရဲမှူးကြီး ဥက္ကာကိုနှင့် လေ့ကျင့်ရေးဌာန ကိုယ်စား
နည်းပြမှူးချုပ် ယာယီရဲမှူးကြီး ထွန်းထွန်းဝေတို့မှ လက်ခံရယူခဲ့ပါသည်။
(၅၄)နှစ်မြောက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့
အခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး၊
ဒုတိယ ကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနမှူးများ၊ ဌာနခွဲမှူးများ၊
အရာရှိ/အခြားအဆင့်တပ်ဖွဲ့ဝင်များ၊ မိသားစုစည်းရုံးရေးနှင့်
စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ၊ မိသားစုဝင်များနှင့်
ရဲသူရ/ရဲသီဟ/ရဲဗလ တပ်ခွဲအသီးသီးမှ ဒုတိယရဲအုပ်လောင်း သင်တန်းသား၊
သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။








No comments:
Post a Comment