၁-၁၀-၂၀၁၈ ရက်နေ့ ၀၅၃၀ အချိန်တွင် (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊
နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် အာရုံဆွမ်းကပ် လှူဒါန်းပွဲအား
ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဧည့်ခန်းမဆောင်တွင် ကျင်းပရာ အခမ်းအနားသို့
ကျောင်းအုပ်ကြီး ရဲမှူးကြီးလူလူသန်း နှင့် ဒုတိယကျောင်းအုပ်ကြီး၊
နည်းပြမှူးချုပ်၊ ဌာနမှူး၊ ဌာနခွဲမှူးများ၊ နည်းပြအရာရှိများ၊
ဒုတိယရဲအုပ်လောင်း သင်တန်းသား/သူများ တက်ရောက်ခဲ့ ကြပြီး ရွာလယ်ကျောင်း
ဆရာတော်ဘုရားထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ သံဃာတော်များအား
နို့စိမ်းခေါက်ဆွဲဖြင့် အာရုံဆွမ်းဆက် ကပ် လှူဒါန်းခြင်း န၀ကမ္မ၀တ္ထုငွေ
ဆက်ကပ်လှူဒါန်းခြင်း ဧည့်ပရိတ်သတ်များ အား နို့စိမ်းခေါက်ဆွဲဖြင့်
ဧည့်ခံကျွေးမွေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ၀၆၃၀ အချိန်တွင်
အခမ်းအနား ပြီးဆုံးခဲ့ပါသည်။



No comments:
Post a Comment