၎.၁၀.၂၀၁၈ ရက်နေ့ ၁၄၀၀ အချိန်မှ ၁၅၀၀ အချိန်ထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမတွင် တပ်တွင်းစည်းရုံးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့အတွင်း လစဉ်ဆွေးနွေးပွဲ (၁၀ ∕၂၀၁၈) အခမ်းအနားအား ကျင်းပရာ အခမ်းအနားသို့ ကျောင်းအုပ် ကြီး ရဲမှူးကြီး လူလူသန်း တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ရဲအုပ် ဇော်မိုးနိုင်မှ (၁.၉.၂၀၁၈) ရက်နေ့ထုတ် ကြေးမုံသတင်း စာပါ ဆောင်းပါးရှင် ဒေါက်တာ ဇော်ထွန်းလင်း (ဆေးပညာမဟာသိပံ္ပ္ပ္ပ) ရေးသားသော" ကျန်းမာသက်ရှည်ခြင်း၏ လျှို့ဝှက်ချက်များ(၇)" ခေါင်းစဉ် နှင့် ရဲအုပ် ဇော်မိုးနိုင်၏ ဇနီး ဒေါ်နှင်းယုခိုင်မှ (၄.၉.၂၀၁၈) ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးရှင် (ကညင်ကျိုး) ရေးသားသော "ပြောင်းလဲရမည့် အရာများစွာ" ခေါင်းစဉ်အား ဖတ်ကြားဆွေးနွေးခဲ့ကာ အခမ်းအနားသို့ အရာရှိ (၈၁)ဦး၊ အခြားအဆင့်၊ စာရေး၊ ကျန်းမာရေးဝန် ထမ်း(၁၀၀)ဦး၊ မိသားစု(၉၀)ဦး၊ စုစုပေါင်း (၂၇၁)ဦး တက်ရောက်၍ ဆန္ဒဖော်ထုတ်ပွဲအား ဆောင်ရွက်ခဲ့ပါသည်။





 
No comments:
Post a Comment