Sunday, October 7, 2018

ရဲအရာရှိ(အမျိုးသမီး)လုပ်ငန်းခွင်ဝင်(မွမ်းမံ)သင်တန်း အမှတ်စဉ်(၆/၂၀၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

၈-၁၀-၂၀၁၈ ရက်နေ့ (၀၈၀၀)အချိန် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ခန်းမ(၂)၌ ရဲအရာရှိ(အမျိုးသမီး)လုပ်ငန်းခွင်ဝင်(မွမ်းမံ)သင်တန်း အမှတ်စဉ်(၆/၂၀၁၈)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ ကျောင်းအုပ်ကြီး ရဲမှူးကြီး လူလူသန်း တက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် နည်းပြမှူးချုပ် ယာယီရဲမှူးကြီး ထွန်းထွန်းဝေမှ စည်းကမ်းပိုင်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနမှူးများ၊ ဌာနခွဲမှူးများ၊ နည်းပြအရာရှိများနှင့် ရဲအရာရှိ(အမျိုးသမီး)လုပ်ငန်းခွင်ဝင်(မွမ်းမံ)သင်တန်းမှ သင်တန်းသူ(၁၀၀)ဦး တက်ရောက်ခဲ့ကာ သင်တန်းကာလမှာ (၈-၁၀-၂၀၁၈) မှ (၉-၁၁-၂၀၁၈) ရက်နေ့ထိ ဖြစ်ပါသည်။






No comments:

Post a Comment