Wednesday, October 31, 2018

တပ်တွင်းစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့အတွင်း လစဉ်ဆွေးနွေးပွဲနှင့် ဆန္ဒဖော်ထုတ်ပွဲ(၁၁/၂၀၁၈) ကျင်းပ

၁.၁၁.၂၀၁၈ ရက်နေ့ (၁၀၀၀) အချိန်မှ (၁၁၀၀) အချိန်ထိ မြန်မာနိုင်ငံရဲတပ်ဖွဲ၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမတွင် တပ်တွင်းစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့အတွင်း လစဉ်ဆွေးနွေး ပွဲနှင့ှ်ဆန္ဒဖော်ထုတ်ပွဲ (၁၁/၂၀၁၈) အခမ်းအနားအား ကျင်းပရာ အခမ်းအနားသို့ ကျောင်းအုပ်ကြီး ရဲမှူးကြီး လူလူသန်း တက်ရောက်အဖွင့် အမှာစကားပြောကြားခဲ့ပြီးနောက် ရဲအုပ် တင်အောင်စိုးမှ (၁၄.၁၀.၂၀၁၈) ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးရှင်မောင်မြင့်ဝင်းရေးသားသောလူငယ်နှင့်ဆေးလိပ်အန္တရာယ် ခေါင်းစဉ်နှင့် ရဲအုပ်တင်အောင်စိုး၏ ဇနီးဒေါ်ဝတ်ရည်ဝင်းမှ (၄.၁၀.၂၀၁၈) ရက်နေ့ထုတ်ကြေးမုံသတင်းစာပါ ဆောင်းပါးရှင်  မောင်ခိုင်မာ(အထက်မင်းလှ) ရေးသားသော “မြတ်သော အသက်ရှင်ခြင်း” ခေါင်းစဉ်အား ဖတ်ကြားဆွေးနွေးခဲ့ကာ အခမ်းအနားသို့ အရာရှိ(၇၃)ဦး၊ အခြားအဆင့်၊ စာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း ပေါင်း(၇၉)ဦး၊ မိသားစု(၁၀၅)ဦး၊ စုစုပေါင်း(၂၅၇)ဦး တက်ရောက်ပြီး ဆန္ဒဖော်ထုတ်ပွဲအား ဆောင်ရွက်ခဲ့ပါသည်။






No comments:

Post a Comment